ရန်ကုန် – မော်လမြိုင် သွားကားလမ်း၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ဘုရားဖူးကားတစ်စီး ထိမှန်ပြီး (၂) ဦးဒဏ်ရာရ

0
366

ရန်ကုန် – မော်လမြိုင် သွားကားလမ်းတွင် ယနေ့အောက်တိုဘာ (၂၃) ရက်နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ဘုရားဖူးကားတစ်စီး ထိမှန်ခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် (၆) နာရီကျော်ခန့်က ရန်ကုန် – မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၃၂/၅ နှင့် ၁၃၂/၆ ကြားတွင် လက်နက်ကိုင်အဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ အခင်းဖြစ်ချိန် ဖြတ်သန်းသွားသည့် ဘုရားဖူးကားတစ်စီးအား ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထိမှန်ခဲ့မှုကြောင့် ဘုရားဖူးကားမောင်းနှင်သူတွင် မိုင်းစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် လိုက်ပါလာသူ အမျိုးသမီးတစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုင်းစများထိမှန်ခဲ့သဖြင့် ဘုရားဖူးကား၏ ရှေ့မှန်ကွဲ၊ ကားဘေးဘက်တွင် ပေါက်ထွက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here