ဆင်မကြီးမိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲကျင်းပမည်

0
1140

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဆင်မကြီးမိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲ Mo Mo’s Birthday Party ကို အောက်တိုဘာလ (၂၈) ရက် မှ (၃၀) ရက်နေ့အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်မကြီး မိုမို၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ပွဲတွင် မိုမို့အတွက် မွေးနေ့ကိတ်ခွဲခြင်း၊ မိုမိုနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်း၊ Animal Presentation Music & Performance Magic Show၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင် ပျော်ရွှင်စရာဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်တွေ အများအပြားကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ထံမှ သိရသည်။

လွိုင်ကော်ဒေသတောနက်ကြီးထဲတွင် ဆင်မိသားစုနှင့်ကွဲကွာနေသော အသက်(၇)နှစ်အရွယ် ဆင်မလေးတစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိခဲ့ဖမ်းယူခဲ့ပြီး ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့ကာ ၁၉၆၁ ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။

ဆင်မကြီး မိုမို၏သည် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ် ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၎င်း၏အမည်အားခေါ်လိုက်လျှင် ပြန်လည်ထူးတတ်ပြီး လူများကို ချစ်ခင်လာစေရန် ကပြတတ်ကာ မမပုသိမ်သူလမ်းလျှောက်သောပုံစံဖြင့် ကပြသည့်အကွက်တို့မှာ လူကြိုက်များလှပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့ကာ မိုမို၏ အသက်၆၀ပြည့်မွေးနေ့မှစ၍ နှစ်စဉ်အောက်တိုဘာလတွင် မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။

Photo – Yangon Zoo (File Photo)


LEAVE A REPLY

Please enter your comment!
Please enter your name here