ကလော – မိထ္တီလာသွား ကားလမ်း ဝက်ဖြူရေ ရွာအထွက်တွင် Canter ယာဉ်တစ်စီး တိမ်းမှောက်ပြီး (၁၃) ဦးဒဏ်ရာရ

0
1192

ကလော – မိထ္တီလာသွား ကားလမ်း ဝက်ဖြူရေ ရွာအထွက်တွင် ခရီးသည်များ တင်ဆောင်လာသည့် Canter ယာဉ်တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့မှုကြောင့် (၁၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သွားရောက်ကူညီပေးသည့် နာရေးကူညီမှုအသင်းထံမှ သိရသည်။

ခရီးသည် (၂၇) ဦး တင်ဆောင်ပြီး ညောင်ရွှေမြို့မှ မိထ္တီလာမြို့သို့ မောင်းနှင်လာသည့် Canter ယာဉ်တစ်စီးသည်အောက်တိုဘာ (၂၂) ရက် ည (၉) နာရီအချိန့်က ကလော – မိထ္တီလာသွားကားလမ်း ဝက်ဖြူရေ ရွာအထွက်လမ်း၌ စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“ည ၉ နာရီလောက် ကလော-မိထ္တီလာသွားလမ်း ဝက်ဖြူရေ ရွာအထွက်လမ်းမှာ ကိုဇော် (မိထ္တီလာ -ပန်းတိမ်ကုန်းရွာ)နေ မောင်းလာတဲ့ Canter ယာဉ် စလစ်ဖြစ်ပြီး တိမ်းမှောက်တာ။တာဝန်သိပြည်သူတွေနဲ့ ပူးပေါင်းပြီး ကလောဆေးရုံအရေးပေါ်ဌာနကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်”ဟု နာ/ကူ(အောင်ပ န်း)အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၂၇) ဦးအနက် (၁၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများမှာ မိထ္တီလာမြို့နယ် မြာရဝေကျေးရွာမှဖြစ်ပြီး ၎င်းတို့အား တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍ ကလောမြို့နယ်ဆေးရုံ အရေးပေါ်ဌာနသို့ နာရေးကူညီမှုအသင်း (အောင်ပန်း)မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here