ကျောက်မဲမြို့နယ်တွင် AD Van ကားလမ်းချော်၍ မြောင်းအကာအုတ်ခုံကိုဝင်တိုက်ပြီး မြောင်းထဲထိုးကျသွား

0
209

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည် အမျိုးသား၊အမျိုးသမီး ၇ ဦးလိုက်ပါလာသည့် AD Van ကားလမ်းချော်၍ မြောင်းအကာအုတ်ခုံကိုဝင်တိုက်မိပြီး မြောင်းထဲထိုးကျသွားခဲ့မှု အောက်တိုဘာ ၂၃ ရက်(ယနေ့)မွန်းလွဲ ၂ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

“ပြည်ထောင်စုလမ်းမကြီးပေါ်က ဂုတ်တွင်းကျွန်းတောကွေ့မှာဖြစ်သွားတာပါ ခရီးသည်တင်ကားလေးပါ မိုးရွာနေတဲ့အချိန်လမ်းချော်ပြီး မြောင်းအကာအုတ်ခုံကိုဝင်တိုက်မိတယ် ပြီးတော့ မြောင်းထဲကိုတဖြည်းဖြည်းနဲ့တစ်ခြမ်းစောင်းပြီးထိုးကျသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် AD Van ကားပေါ်၌လိုက်ပါလာသူ များမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ မြောင်းထဲထိုးကျသွားသည့်ကားအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ လမ်းပေါ်သို့ပြန်လည်ဆွဲတင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here