အရှေ့အလယ်ပိုင်းကိစ္စ အနောက်မဟာမိတ်များနှင့် ဘိုင်ဒင် ဆွေးနွေးခဲ့

0
281

ဝါရှင်တန်၊အောက်တိုဘာ ၂၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် အရှေ့အလယ်ပိုင်း ပြသနာအတွက် အင်အားကြီး အနောက် နိုင်ငံခေါင်းဆောင်များနှင့် တနင်္ဂနွေနေ့၊အောက်တိုဘာ ၂၂ ရက်ကဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ဗြိတိန်၊ကနေဒါ၊ပြင်သစ်၊ဂျာမနီနှင့် အီတလီနိုင်ငံခေါင်းဆောင်များနှင့် ဆွေး နွေးခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။

၎င်းတို့၏တွေ့ဆုံဆွေးနွေးမှုအတွင်း အစ္စရေး ကို စစ်ရေးအထောက်အပံ့များပေးအပ်ရန်အခိုင်အမာပြောကြားခဲ့ကြပြီး ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ရရှိစေရန်လည်းကတိပြုခဲ့ကြကြောင်းသိရသည်။

၄င်းအပြင်အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးကိုထိန်းသိမ်းရန်၊ ယခုထက်ပိုပြီးပဋိပက္ခများမပြန့်ပွားစေရန်နှင့်နိုင်ငံ‌ရေးအဖြေကို ရှာရန် သာ တွန်းအားပေးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ကြသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here