“ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစုမှ သတ္တမအကြိမ်မြောက် ဓမ္မဒါနအဖြစ် လူဦးရေ ၃၀၀ ကျော်အားနေပြည်တော်ရှိ တောင်ငါးတောင်နေ့ချင်းပြန်ဘုရားဖူးပို့ဆောင်ပေး

0
148

နေပြည်တော်အခြေစိုက် “ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစုမှ သတ္တမအကြိမ်မြောက်အဖြစ် လူဦးရေ ၃၀၀ ကျော်အားဓမ္မဒါနအဖြစ် နေပြည်တော်ရှိ တောင်ငါးတောင်နေ့ချင်းပြန်ဘုရားဖူးအား အောက်တိုဘာ ၂၂ ရက်က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လူဦးရေ ၃၀၀ ကျော်အား နေပြည်တော်ရှိ ရှေး ဟောင်းသမိုင်းဝင်တောင် ၅ တောင်ဖြစ်သည့် လက်လုပ်တောင်၊ စမတောင်၊ ဆင်ဖြူတောင်၊ လှေခွင်းတောင်၊ လွမ်းတောင်တို့ပေါ်တွင် တည် ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းစေတီတော်များအား ဖူးမြှော်ကြည်ညိုနိုင်စေရန် နေ့ ချင်းပြန်ဘုရားဖူးအဖြစ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တောင် ၅ တောင်နေ့ချင်းပြန်ဘုရားဖူးပို့ဆောင်ပေးရတဲ့ ရည်ရွယ်ချက်က မြင့်မြတ်တဲ့ စေတီဘုရားပုထိုးတွေကို လိုက်ပါကုသိုလ်ပြုသူတွေအနေနဲ့ သူတော်ကောင်းတရားတွေကို ကျင့်ကြံအားထုတ်ပြီး မြင့်မြတ်တဲ့စိတ်နေစိတ်ထား၊ကောင်းသောခံယူချက်တွေ ပြောင်းလဲစေဖို့ မကောင်းသောဒုစရိုက်(၁၀)ပါးကို ရှောင်ကြဉ်တတ်စေဖို့ ကိုယ်စိတ်(၂)ပါးထာဝရအေးချမ်းမှုတွေရရှိကြစေဖို့ ကုသိုလ်တရားတွေကြောင့် ကာယကံ၊ဝစီကံ၊မနောကံစတဲ့ ကံ(၃)ပါးစင်ကြယ်လာစေရာဖို့အတွက် ကျွန်တော့်မွေးနေ့မှာ ကုသိုလ်ပြုပို့ဆောင်ပေးတာပါ”ဟု ဆုလာဘ်ပိုင် ကုမ္ပဏီတည်ထောင်သူ ဦးအောင်ဘိုဘိုကပြောသည်။

“ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစု၏ တောင် ၅ တောင်နေ့ချင်းပြန်ဘုရားဖူးပို့ဆောင်ရာတွင် ယခုအကြိမ်အထိ လူဦးရေ ၂၅၀၀ ကျော်အား ကုသိုလ်ပြုပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here