တောင်တရုတ်ပင်လယ်၌ ရန်စသည့်လုပ်ရပ်များကိုရပ်တန့်ရန် ဖိလစ်ပိုင်ကတရုတ် ကို ပြော

0
217

မနီလာ၊အောက်တိုဘာ ၂၃

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း၌ ဖိလစ်ပိုင်နှင့်တရုတ်သင်္ဘောတို့ တိုက်မိမှုနှင့်ပတ်သက်၍ ပေကျင်းသံအမတ် ကို အောက်တိုဘာ ၂၃ ရက်က ဆင့်ခေါ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း၌ ဖိလစ်ပိုင်၏ ပိုင်နက်နယ်မြေဟု အခိုင်အမာ ပြောကြားကာ တောင်တရုတ်ပင်လယ်အတွင်းတပ်စွဲထားသည့် ဖိလစ်ပိုင်တပ်ဖွဲ့များကို ထောက်ပံ့ ဖြည့်တင်းရေး တာဝန်ကို ထမ်းဆောင်စဥ်အတွင်း ယခုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်အနေဖြင့် တမင်သက်သက် ရည်ရွယ်ချက်ဖြင့် လုပ်ခြင်း ဖြစ်သည်ဟုလည်း ဖိလစ်ပိုင်ကစွပ်စွဲထားပြီး တောင်တရုတ်ပင်လယ်အတွင်း ရန်စမှုများမပြုလုပ်ရန်လည်းသတိပေးပြောကြားခဲ့သည်။

သို့သော်တရုတ်ဘက်ကမူ ဖိလစ်ပိုင်ရေတပ်သင်္ဘောသည် မဆင်မခြင်မောင်းနှင်ကာ အထပ်ထပ်သတိပေးနေသည့်ကြားမှ တရုတ်၏ဥပဒေကိုချိုးဖောက်ခဲ့သည့်အတွက် တိုက်မိခဲ့ခြင်းသာဖြစ်ကြောင်းပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ကုန်သွယ်မှုသည်နှစ်စဉ် ထရီလျံနှင့်ချီကာ ရှိပြီး တရုတ်ကမူ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် ၎င်း၏အပိုင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here