၅၄ နှစ်ကြာတင်ရှိထားသည့် မီတာ ၁၀၀ တာတိုအပြေး မြန်မာပြည်စံချိန်ချိုးနိုင်ခဲ့သည့် မောင်ထက်ရှိင်းအောင်အား ဂုဏ်ပြုဆုငွေ (၁၀)သိန်းကျပ် ချီးမြှင့်

0
227

၅၄ နှစ်ကြာတင်ရှိထားသည့် မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲ၊ မြန်မာပြည်စံချိန်ချိုးနိုင်ခဲ့သည့် မောင်ထက်ရှိင်းအောင်အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေ (၁၀)သိန်းကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၁၉၆၉ ခုနှစ်တွင် မြန်မာမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်တွင် မြန်မာတာတိုအပြေးသမား ဦးစိုးဝင်းသည် မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲတွင် (၁၀.၆၄) စက္ကန့်ဖြင့် မြန်မာနိုင်ငံ၏ စံချိန်ကိုရရှိခဲ့ပြီး ယင်းစံချိန်ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်ကကျင်းပခဲ့သည့် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲ၌ မောင်ထက်ရှိင်းအောင်က (၁၀.၅၈) စက္ကန့်ဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့ကာ ၅၄ နှစ်ကြာတင်ရှိထားသည့် မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲ၊ မြန်မာပြည်စံချိန်ချိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဗဟိုအဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ မီတာ ၁၀၀ ပြေးခုန်ပစ်၌ မြန်မာပြည်စံချိန်ချိုးခဲ့သည့် ရွှေတံဆိပ်ဆု တစ်ဆုအပါအဝင် ရွှေ(၂၄)ခု၊ ငွေ(၇)ခု ကြေး(၃)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုတိုကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲက ရွှေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေ(၁၈၀)သိန်း ကျပ်၊ ငွေတံဆိပ်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေ(၂၁)သိန်းကျပ်၊ ကြေးတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေ (၄)သိန်း(၅)သောင်းကျပ်၊ စတုတ္ထ၊ ပဥ္စမ၊ ဆဌမ၊ ရရှိသည့် ကစားသမား(၉)ဦးအား ဂုဏ်ပြုဆုငွေ(၄)သိန်း (၅)သောင်းကျပ်အားလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲစံချိန်ချိုးသူ (၅)ဦးအား ဂုဏ်ပြုဆုငွေ(၁၁)သိန်း ကျပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here