အဆမတန် မြင့်တက်ခဲ့သည့် ပြည်တွင်းကားဈေး ပြန်လည်ကျဆင်းလာ

0
297

ကျပ်နှစ်သောင်းတန် ငွေစက္ကူအမှတ်တရထုတ်ဝေမှုနောက်ဆက်တွဲ ကောလဟလများကြောင့် ပြည်တွင်းကားဈေးများ အဆမတန်မြင့်တက်ခဲ့ရာမှ လက်ရှိတွင် ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောသည်။

“နှစ်သောင်းတန် ငွေစက္ကူထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်းကနေစပြီး ကားဈေးက အမြင့်ဆုံးအခြေအနေရောက်သွားတယ်။ အဲဒီအမြင့်ဈေးက ဩဂုတ်လအထိ သွားတယ်။ စက်တင်ဘာလမှာ လုံးဝအေးသွားတဲ့ အခြေအနေရောက်သွားပြီးတော့ အခုချိန်မှာတော့ ပြန်ဆင်းတဲ့ အခြေအနေကို ရောက်သွားပြီ”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ကားအမျိုးအစားတော်တော်များ ဈေးပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး ယင်းဈေးနှုန်းများအောက်သို့ ပြန်လည်မကျဆင်းသေးသည့် ကားအမျိုးအစားများလည်း ရှိနေသေးကြောင်း သိရသည်။

သို့သော် ပျမ်းမျှအားဖြင့် ကားစျေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျဆင်းလာမှုများရှိနေကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ဈေးကွက်အတွင်း အိမ်သုံးလူစီးကား အနိမ့်ဆုံး ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၄၀၀ ပတ်ချာလည် ဈေးတန်းတွင် ရှိနေပြီး ဈေးအမြင့်ဆုံး ကျပ်သိန်း ၁၀,၀၀၀ အောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here