ကန်ကြီးထောင့်မြို့နယ်တွင် Hijet ကားလမ်းဘေးရှိမြောင်းထဲထိုးကျ

0
107

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ရန်ကုန်- ပုသိမ်သွား ကားလမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာ (၂၄) ရက် နံနက် (၁၀) နာရီခန့်က Hijet ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

“ရန်ကုန် – ပုသိမ်သွား လမ်းမကြီးပေါ်က ငါးရှဥ့်ထူတံတားနားမှာဖြစ်သွားတာပါ။ ကုန်ပစ္စည်းတွေ တင်လာတဲ့ Hijet ကားပါ။ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက မြောင်းထဲ ထိုးကျသွားတာ။ ထိခိုက်ဒဏ်ရာရတာရှိပေမယ့် ပွန်းပဲ့ရုံလောက်ပါပဲ။ ဆေးရုံပို့ရတဲ့ လူမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် Hijet ကားနှင့်ပါလာသည့် ကုန်ပစ္စည်းအချို့လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရှင်းလင်းကာ မြောင်းထဲထိုးကျသွားသည့် Hijet ကားအား လမ်းပေါ်သို့ဆွဲတင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here