ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တည်ထောင်ခြင်း (၄) နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းများဆက်ကပ်လှူဒါန်း

0
212

အောက်တိုဘာ (၂၃) ရက်တွင် ကျရောက်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီတည်ထောင်ခြင်း (၄) နှစ် ပြည့်အဖြစ် ပြည်သူ့ရှေ့ဆောင်ပါတီဗဟိုနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့တွင် ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာ၌ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာသုဝဏ္ဏစာသင်တိုက်မှ သံဃာတော် (၁၀၀) ပါးအား ပါတီယာယီ ဥက္ကဋ္ဌ ဦးမြင်မောင်ထွန်း၊ ဗဟိုအလုပ်အမှုဆောင်ဒေါ်မွန်မွန်မြင့်တို့ ဦးဆောင်၍ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မေတ္တာပါရမီဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်းသာမဏေ (၅၀) ကျော်အား မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒု-ဥက္ကဋ္ဌဒေါက်တာဇော်မင်းဦးတို့ ဦးဆောင်၍ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အတူ ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ကံ့ကော်တစ်ထောင်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအထောက်အကူပြု ကော်မတီဝင်များ၊တောင်ကြီး၊ ကလော၊ ဟိုပုံး၊ဆီဆိုင်မြို့နယ်တို့မှ အမှုဆောင်အဖွဲ့များမှ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here