သီတင်းကျွတ်ပိတ်ရက်အတွင်း ပုံမှန်ရထားများအပြင် အထူးရထားများပြေးဆွဲပေးမည်

0
359

မြန်မာ့မီးရထားမှ သီတင်းကျွတ်ပိတ်ရက်အတွင်း ခရီးသွားလာသူများအဆင်ပြေစေရန် ပုံမှန်ရထားများအပြင် အထူးရထားများကိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးရထားများအား သီတင်းကျွတ်ပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၂၇ ရက်၊ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကာ လက်မှတ်စျေးနှုန်းများမှာ ပုံမှန်ရထားလက်မှတ်စျေးနှုန်းများအတိုင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မော်လမြိုင်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်-ရန်ကုန်၊ နေ့လည် ၁ နာရီတွင် ရန်ကုန်-ပြည်၊ ည ၆ နာရီခွဲတွင် နေပြည်တော်-ရန်ကုန်၊ ည ၁၀ နာရီခွဲတွင် ပြည်-ရန်ကုန် အထူးရထားများပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၂၈ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မော်လမြိုင်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်-ရန်ကုန်၊ နေ့လယ် ၁ နာရီတွင် ရန်ကုန်-ပြည်၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်-ပုဂံ၊ ည ၁၀ နာရီခွဲတွင် ပြည်-ရန်ကုန် အထူးရထားများအား ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မော်လမြိုင်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်-ရန်ကုန်၊ နေ့လယ် ၁ နာရီတွင် ရန်ကုန်-ပြည်၊ ည ၁၀ နာရီခွဲတွင် ပြည်-ရန်ကုန် အထူးရထားများပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့အတူ အောက်တိုဘာ ၃၀ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မော်လမြိုင်၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်-ရန်ကုန်၊ နေ့လယ် ၁ နာရီတွင် ရန်ကုန်-ပြည်၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပုဂံ-ရန်ကုန်၊ ည ၆ နာရီခွဲတွင် ရန်ကုန်-နေပြည်တော်၊ ည ၁၀ နာရီခွဲတွင် ပြည်-ရန်ကုန် အထူးရထားများအား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here