မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၆ သန်းကျော်လျော့ကျနေ

0
170

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၉ ဒသမ ၃၂ သန်းနှင့် သွင်းကုန်တင်သွင်းမှု ‌ကန်ဒေါ်လာ ၁ ဒသမ ၀၇ သန်းကျော်သာရရှိထားပြီး ကန်ဒေါ်လာ ၆ သန်းကျော်လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ ၁၆ ဒသမ ၈၉၃ သန်းနှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၃၂ သန်း ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၁၆ ဒသမ ၉၂၅ သန်းရရှိထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လျော့ကျရခြင်းမှာ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါလအတွင်း ပြုလုပ်သွားမည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရွေးကောက်ပွဲကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်မလုပ်ဆောင်ခြင်းနှင့် ရာသီဥတု ဆိုးရွားမှုများကြောင့်ဖြစ်ကြောင်း ရခိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားထားသည်။

လက်ရှိတွင်လည်း စစ်တွေကုန်သွယ်ရေးစခန်းမှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်မှ ကုန်စည်များတင်ပို့ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ရေချိုငါး ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးနီတူခြောက်၊ ကွမ်းသီး၊ ချင်းစို၊ ဇီးယို၊ ဇီးဖတ်၊ နနွင်းတက်၊ မကျည်းသီး၊ မကျည်းစေ့ တို့ကို အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here