ရန်ကင်းမြို့နယ်တွင် မိန်းကလေးငယ်တစ်ဦး ရေထဲပြုတ်ကျမျောပါခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့သော်လည်း ဆေးကုသမှုခံယူနေစဉ် ‌ေ-သဆုံး

0
293

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် Golden city ကွန်ဒိုဘေးရှိ ခုနှစ်ပင်လိမ်ချောင်းအတွင်း က-လေ-းတစ်ဦး ရေထဲပြုတ်ကျကာ မျောပါမှုဖြစ်ပွားခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့သော်လည်း ဆေးကုသမှု ခံယူနေစဉ် ‌ေ-သဆုံးသွားခဲ့ကြောင်း ရွှေရုပ်လွှာ ပရဟိတအသင်းမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ(၂၄)ရက် ညနေ (၅)နာရီခွဲခန့်က ခုနှစ်ပင်လိမ်ချောင်းအတွင်းသို့ အသက်(၁၄) နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ရေထဲပြုတ်ကျကာ မျောပါသွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ ရွှေရုပ်လွှာပရဟိတအသင်းမှ အသင်းဝင်များနှင့် ရပ်ကွက်နေပြည်သူများက ကူညီရှာဖွေရာ ပြန်လည်ဆယ်ယူရရှိခဲ့သော်လည်း ဆေးကုသမှုခံယူနေစဉ် ‌ေ-သဆုံးခဲ့ရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ (၂၄)ရက် ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ရန်ကင်းမြို့နယ် Golden city ကွန်ဒိုဘေးရှိ ခုနှစ်ပင်လိမ်ချောင်းတွင်လည်း ရေလျှံမှုဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here