ပုသိမ်မြို့ရှိ လူနေဆိုင်ခန်းများတွင် မီးလောင်မှုဖြစ် ပိုလီယိုရောဂါဖြစ်နေသည့် မိန်းကလေးငယ်တစ်ဦး မီးလောင်‌ေ-သဆုံးခဲ့

0
277

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၅)နယ်မြေ၊ ဘူတာစျေးအနီး၊ ဝဏ္ဏသိင်္ဂီလမ်းရှိ လူနေဆိုင်ခန်းများတွင် ယနေ့ အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ နံနက် (၈) နာရီကျော်ခန့်က ပုသိမ်မြို့၊ အမှတ် (၅) နယ်မြေ၊ ဘူတာစျေးအနီး ဝဏ္ဏသိင်္ဂီလမ်းရှိ လူနေဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူနေဆိုင်ခန်းတစ်ခုတွင်နေထိုင်သည့် ပိုလီယိုရောဂါဖြစ်နေသည့် အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ မီးလောင်‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

မိန်းကလေးငယ်၏ ရုပ်အလေ-ာင်းအား လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here