သမိုင်းထဲက အောက်တိုဘာ ၂၆

0
248

၁၈၆၃ – အင်္ဂလန်မှာ Football Association ကို စတင်ဖွဲ့စည်းခဲ့တယ်။

၁၉၀၅ – ဆွီဒင်နဲ့ နော်ဝေ တစ်နိုင်ငံထဲအဖြစ် ပူးပေါင်းထားခြင်း အဆုံးသတ်ခဲ့တယ်။

၁၉၂၂ – ဖက်ဆစ်တွေရဲ့ ဖိအားပေးမှုကြောင့် အီတလီအစိုးရအဖွဲ့ အနားယူခဲ့ရတယ်။

၁၉၄၇ – ဗြိတိသျှတပ်တွေ အီရတ်ကို သိမ်းပိုက်မှု ပြီးဆုံးခဲ့တယ်။

၁၉၅၅ – ဗြိတိသျှတပ်တွေဟာ Boeraimi မှာ ဆော်ဒီအာရေဗျ ရေနံမြေကို သိမ်းပိုက်ခဲ့ကြတယ်။ တစ်နေ့ထဲမှာပဲ Ngo Dinh Diem ဟာ ဗီယက်နမ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်ပြီး၊ သူကိုယ်တိုင်လဲ ဗီယက်နမ်သမ္မတအဖြစ် ကြေညာခဲ့တယ်။

၁၉၆၅ – The Beatles ဂီတအဖွဲ့သားတွေကို ဗြိတိန်ဘုရင်မက MBE ဘွဲ့အပ်နှင်းခဲ့တယ်။

၁၉၇၂ – ခုရိုက် ခုချက်ခြင်းပုံထွက်တဲ့ Polaroid SX-70 ကင်မရာကို အက်ဒဝင်လင်းက စတင်မိတ်ဆက်ခဲ့တယ်။

၁၉၇၃ – အစ္စရေးတပ်တွေဟာ စူးအက်ကိုချီတက်ရာမှာ အီဂျစ်တပ်တွေရဲ့ ထောင်ချောက်ထဲ သက်ဆင်းခဲ့ရတယ်။

၁၉၇၅ – ပထမဆုံး အီဂျစ်သမ္မတဖြစ်ခဲ့တဲ့ အန်နဝါဆဒန်ဟာ အမေရိကန်ကို ပထမဆုံး တရားဝင်အလည်အပတ်ခရီး ရောက်ရှိခဲ့တယ်။

၁၉၇၉ – တောင်ကိုရီးယားသမ္မတ ပတ်ချုံဟီးဟာ သူ့ရဲ့ ထောက်လှမ်းရေးချုပ် ကင်ဂျေကျူရဲ့ ‌ေ-သနတ်ကျည်မတော်တဆထွက်မှုကြောင့် ‌ေ-သဆုံးခဲ့တယ်။

၂၀၁၇ – Jacinda Ardern ဟာ နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရပြီး၊ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။

၂၀၁၉ – အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ISIS အဖွဲ့ကိုတည်ထောင်သူ အဘူဘေကာ အယ်လ်ဘက်ဒါဒီ ဟာ ဆီးရီးယားမှာ ‌ေ-သဆုံးခဲ့တယ်။

၂၀၂၀ – လပေါ်မှာ အရင်ကထင်ထားတာထက် ရေတွေပိုပြီးရှိနေကြောင်း NASA က ကြေညာခဲ့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here