အောင်ပန်းမြို့နယ်၌ ကားနှင့်ဆိုင်ကယ်တိုက် ဝင်တိုက်သည့်ကားမောင်းပြေး ဆိုင်ကယ်မောင်းသူ‌ေ-သဆုံး

0
404

ရှမ်းပြည်နယ်၊အောင်ပန်းမြို့နယ်ရှိ အောင်ပန်း-တီကျစ်သွားကားလမ်းတွင် အောက်တိုဘာ ၂၅ ရက်နံနက် ၁၁ နာရီခွဲခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ သိရသည်။

“ကားနဲ့ဆိုင်ကယ်တိုက်မိတဲ့အတွက် ဆိုင်ကယ်မောင်းလာတဲ့ လွိုင်ကော်မြို့နယ် ဘုရားနီကျေးရွာမှာနေတဲ့ အမျိုးသားက အခင်းဖြစ်နေရာမှာပဲ‌ေ-သဆုံးသွားပါတယ် အဲဒီရွာမှာနေတယ်ဆိုတာကို သူ့ဆီမှာပါတဲ့ မှတ်ပုံတင်ကနေတဆင့်သိရတာပါ ဝင်တိုက်ပြီးမောင်းပြေးတဲ့ ကားအမျိုးအစားကိုတော့ မသိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား နာရေးကူညီမှုအသင်း(အောင်ပန်း)မှ ကလောမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-နာ/ကူ(အောင်ပန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here