မတူကွဲပြားမှုများကို ကိုင်တွယ်နိုင်၊ အမေရိကနှင့်ပူးပေါင်းလိုဟုသမ္မတရှီဆို

0
263

ပေကျင်း၊အောက်တိုဘာ ၂၅

အမေရိကနှင့်တရုတ်တို့သည် ၎င်းတို့၏မတူကွဲပြားခြားနားမှုများကို ကိုင်တွယ်စီမံကာ ကမ္ဘာ့စိန်ခေါ်မှုများကို အတူလက်တွဲ တုံ့ပြန်ရန် အမေရိကနှင့်ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အောက်တိုဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကနှင့် တရုတ်တို့အကြား မှန်ကန်သောနည်းလမ်းဖြင့် ပေါင်းစည်းနိုင်ခြင်းရှိမရှိသည် ကမ္ဘာကြီးအတွက်အရေးကြီးသည်ဟုလည်း သမ္မတရှီကပြောကြားခဲ့သည်။

အပြန်အလှန်လေးစားမှု၊ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုး‌ရှိစေမည့်မူများအပေါ်အခြေခံထားသော ပိုမိုတည်ငြိမ်သည့်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးမျိုးရှိရန်လည်း သမ္မတရှီကတောင်းဆိုခဲ့သည်။

အလားတူပင် အမေရိကအနေဖြင့်လည်း ကမ္ဘာ့ထိပ်တန်းစီးပွားရေးနှစ်နိုင်ငံ ယှဉ်ပြိုင်မှုများရှိသည်မှာမှန်သော်လည်း ကုန်သွယ်ရေး၊ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အရေးစသည့် အငြင်းပွားစရာကိစ္စများသည် ပဋိပက္ခအသွင်မဖြစ်သွားရန် အဓိကဦးစားပေးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here