တာမွေမြို့နယ်ရှိ United Living Mall တွင် ခါးပိုက်နှိုက်မှုဖြစ်ပွား ကျူးလွန်သူ အမျိုးသား နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီး

0
276

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ United Living Mall တွင် ခါးပိုက်နှိုက်မှုဖြစ်ပွားကာ ကျူးလွန်သူ အမျိုးသား နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးရာမှ တစ်ဦးမှာ ဦးခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။

တာမွေမြို့၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်းရှိ United Living Mall တွင် အောက်တိုဘာ (၂၅)ရက် ညပိုင်းအချိန်က ခါးပိုက်နှိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ အမျိုးသား နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦးမှာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ကျိုက္ကဆံလမ်း United Living Mall မှာ ခါးပိုက်နှိုက်ကျူးလွန်သူ အမျိုးသား နှစ်ဦးထဲက ဦးခေါင်းကွဲဒဏ်ရာရသူ တစ်ဦးကို သင်္ဃကျွန်းမြို့နယ် စံပြဆေးရုံကို အသွား/အပြန် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။”ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့က ဆိုသည်။

အဆိုပါ ခါးပိုက်နှိုက်မှုဖြစ်စဉ်အတွင်း ကျူးလွန်သူ အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းကွဲဒဏ်ရာရခဲ့ကာ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ အသွား/အပြန် ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here