ထိုင်းရောက် မြန်မာလုပ်သားများ၏ အသက် (၁၈) နှစ်အောက် သားသမီးများကို မိဘများအတွက် သတ်မှတ်ထားသည့် ကာလအတိုင်း နေထိုင်ခွင့်ပြု

0
282

ထိုင်းရောက် မြန်မာလုပ်သားများ၏ အသက် (၁၈) နှစ်အောက် သားသမီးများကို ၎င်းတို့၏ မိဘများအတွက် သတ်မှတ်ထားသည့် ကာလအတိုင်း နေထိုင်ခွင့်ပြုကြောင်း အောက်တိုဘာလ အစောပိုင်းက ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား ၂၀၂ ၃ ခုနှစ် အောက်တိုဘာ (၁) ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃)ရက်အထိ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုပေးထားပြီး ဖြစ်သည်။

ယင်းသို့ ခွင့်ပြုပေးခဲ့သော်လည်း အလုပ်ရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁၈) ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁၅) ရက်အတွင်း အလုပ်လုပ်ကိုင်ခွင့်ရရန် အမည်စာရင်း တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့အမည်စာရင်းတင်ပြကာ အလုပ်လုပ်ခွင့်ရရှိသည့် မြန်မာလုပ်သားများ၏ အသက် (၁၈) နှစ်အောက် သားသမီးများကိုလည်း မိဘများအတွက် သတ်မှတ်ထားသည့် ကာလအတိုင်း နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသက် (၁၈)နှစ် ပြည့်ပြီးသည့် သားသမီးများကိုလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃)ရက်အထိ နေထိုင်ခွင့်ပြုပေးပြီး အလုပ်လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့်တင်ပြလျှောက်ထားနိုင်ကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

အဆိုပါ အချက်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေ‌သော မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင် စက်ရုံအလုပ်ရုံမှ တာဝန်ရှိသူများအား ထပ်ဆင့်ပြောဆိုရန် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးမှ အောက်တိုဘာ (၂၅)ရက်တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here