ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများရန် ဖြစ်ရာမှ နှစ်ဦး‌ေ-သ၊ နှစ်ဦးဒဏ်ရာရကာ ကျူးလွန်သူ မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိ

0
274

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများရန် ဖြစ်ရာမှ နှစ်ဦး‌ေ-သဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး လူသတ်မှု ကျူးလွန်သည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်ဟု The Nation သတင်းဌာနဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ Prachinburi ပြည်နယ်၊ Nong Phrong ဒေသတွင် မြန်မာနိုင်ငံသားများ နေထိုင်သည့် နှစ်ထပ်တိုက်၌ အောက်တိုဘာ (၂၄) ရက် ညပိုင်းက လူသ-တ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ မြန်မာနိုင်ငံသားနှစ်ဦးမှာ သွေးအိုင်ထဲ၌ လဲကျ‌ေ-သဆုံးနေပြီး ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း တွေ့မြင်ခဲ့ကြောင်း Rap hao Phai ရဲစခန်းမှ ရဲမှူးကြီး Ponganan Raksachart က ပြောဆိုထားသည်။

‌ေ-သဆုံးခဲ့သူ မြန်မာနိုင်ငံသား နှစ်ဦးမှာ အသက် (၂၄) နှစ်အရွယ် ရဲလှိုင်ဝင်းဆိုသူနှင့် အသက် (၂၂) နှစ်အရွယ် သန်းနိုင်စိုးတို့ဖြစ်ပြီး ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသား နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း The Nation ၏ သတင်းဖော်ပြချက်အရ သိရသည်။

လူသ-တ်မှု ကျူးလွန်ခဲ့သည့် အသက် (၂၈) နှစ်အရွယ် မြန်မာနိုင်ငံသား ကျော်ဇင်ဦးမှာ ဟွန်ဒါဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည့်အတွက် လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

အဆိုပါ လူသ-တ်မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူ ကျော်ဇင်ဦးနှင့် ‌ေ-သဆုံးသူ နှစ်ဦးတို့မှာ အခင်းဖြစ်စဉ်ညတွင် ရန်ဖြစ်စကားများခဲ့ကြောင်း၊ ယခင်က စကားများရန်ဖြစ်ခြင်းမျိုး မရှိဘဲ အရက်အတူ သောက်‌လေ့ သောက်ထရှိသူများဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ကျူးလွန်သူ ကျော်ဇင်ဦး အသုံးပြုခဲ့သော ဓ-ားကို ရှာဖွေသိမ်းဆည်းကာ အသေးစိတ် စုံစမ်းစစ်ဆေးရန် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here