ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်ည၌ ဆီမီး ၁၀၀၀၀ ဖြင့်ပူဇော်မည်

0
341

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့ည)တွင် ဆီမီး ၁၀၀၀၀ ဖြင့်ပူဇော်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ သိရသည်။

ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး ၁၀၀၀၀ ပူဇော်ပွဲအား ပဲခူးတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့ည ၆ နာရီမှစတင်၍ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးအစိုးရအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်စျေးရောင်းပွဲတော်ကိုလည်း အောက်တိုဘာ ၂၈ ရက်ည ၆ နာရီမှစတင်၍ ဖွင့်ပွဲအခမ်းအနားများဖြင့် ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here