ကျန်းမာရေးကို ငဲ့ကွက်ကာ ဓ-ားစာခံအားလုံး လွှတ်ပေးရန် ဟားမတ်စ်ကို WHO တိုက်တွန်း

0
250

ဂျီနီဗာ၊အောက်တိုဘာ ၂၆

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဟားမတ်စ်အဖွဲ့အား ၎င်းတို့ဖမ်းဆီးထားသည့် ဓ-ားစာခံများ အသက်ရှင်နေ‌‌ကြောင်း သက်သေပြရန်နှင့် ဓ-ားစာခံများ၏ကျန်းမာရေးကို ငဲ့ကွက်၍ အားလုံးကို ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။

‌ယခုနှစ်အောက်တိုဘာ ၇ ရက်မှစ၍ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့နှင့် အစ္စရေးစစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများပြင်းထန်လာခဲ့ပြီး နှစ်ဖက်အထိအခိုက်အ‌ေ-သအဆုံးလည်းများပြားခဲ့သည်။

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဘက်မှလူပေါင်းထောင်ချီ‌ေ-သဆုံးခဲ့သကဲ့သို့ ဟားမတ်စ်၏စတင်တိုက်ခိုက်မှုကြောင့်လည်း အစ္စရေးပြည်သူ ၁,၄၀၀ ကျော်‌ေ-သဆုံးခဲ့သည်ဟုသိရသည်။

ဟားမတ်စ် တို့က ဓ-ားစာခံအယောက် တစ်ရာကျော် ဖမ်းဆီးသွားခဲ့ပြီး ယင်းဓ-ားစာခံများ၏ ကျန်းမာရေးအခြေအနေအပေါ် အလွန်စိုးရိမ်မကင်း ဖြစ်သည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့သည်။

အမျိုးသမီးများ၊ကလေးသူငယ်များနှင့် မူလကပင် ကျန်းမာရေးအခံမကောင်းသူများသည် အထူးဂရုစိုက်ကုသမှုခံယူရန်လိုအပ်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့်အခါ ၎င်းတို့ကျန်းမာရေးအတွက်အလွန်စိုးရိမ်ရသည်ဟုလည်းပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်တစ်လျှောက် ကျန်းမာရေး အထောက်အပံ့များနှင့်လောင်စာဆီများ ဘေးကင်းစွာ ပို့ဆောင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ရန်လည်း ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီကတောင်းဆိုထားသည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here