ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ဟာဗားနားမြို့၊မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက်

0
196

ကျူးဘားနိုင်ငံ၊ဟာဗားနားမြို့၏ မြန်မာသံရုံးယာယီတာဝန်ခံသည် ဟာဗားနားမြို့တွင်ကျင်းပသည့် ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား ကျူးဘားနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Dr. Francisco Pichon နှင့်ကျူးဘားနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ ဌာနေကိုယ်စားလှယ်အဖွဲ့ရုံးများ ပူးပေါင်း၍ အောက်တိုဘာ ၂၄ ရက်နေ့လယ် ၃ နာရီခွဲက ဟာဗားနားမြို့ရှိ Palacuo de los Capitanes Generales (Plaza de Armas)၌ ကျင်းပခဲ့သည်။

ကျူးဘားနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေညှိ နှိုင်းရေးမှူး Dr. Francisco Pichon မှ နှုတ်ခွန်း ဆက်စကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂတည်ထောင်ခြင်း (၇၈)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟာဗားနားအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်သံရုံးအကြီးအကဲများ၊ကုလသမဂ္ဂလက်အောက်ခံ ဌာနေရုံးများမှ ဌာနေကိုယ်စား လှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here