တရုတ်ဝန်ကြီးချုပ်ဟောင်း လီခချန် ကွယ်လွန်

0
287

တရုတ်ဝန်ကြီးချုပ်ဟောင်း လီခချန်(Li Keqiang) သည် အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ကြာသပတေးနေ့က ရုတ်တရက် နှလုံးဖောက်ပြီး ရှန်ဟိုင်းမှာ အနားယူနေခဲ့ရာမှ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

သူပြန်လည်ကောင်းမွန်လာစေရန် အဖက်ဖက်မှ အစွမ်းကုန် ကြိုးပမ်းခဲ့ကြသော်လည်း သောကြာနေ့ ညသန်းခေါင်ကျော် ဆယ်မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV မှ သတင်းကြေညာခဲ့သည်။

မစ္စတာ လီခချန်သည် ယမန်နှစ်က အငြိမ်းစားယူချိန်အထိ အာဏာရ တရုတ်ကွန်မြူနစ်ပါတီတွင် ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here