ထိုင်းနိုင်ငံ ချွုံဘူရီခရိုင်ရှိသရက်ပင်ထဲမှ နှစ်တစ်ရာသက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်တွေ့ရှိ

0
278

ဘန်ကောက်၊အောက်တိုဘာ ၂၆

ထိုင်းနိုင်ငံ ချွုံဘူရီခရိုင်၌ သရက်ပင်တစ်ပင်အား ခုတ်လှဲရာမှ ပင်စည်ထဲမှ နှစ်တစ်ရာသက်တမ်းရှိ ဗုဒ္ဓ ဆင်းတုတော်တစ်ဆူအားတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါရုပ်ပွားတော်သည် ပြုံးယောင်သမ်းနေသောမျက်နှာတော်ပုံ ဖြစ်သည်။ ကျောက်စိမ်းဖြင့်ထုထားသဖြင့်အစိမ်းရောင်ကိုယ်လုံးတော်ရှိကာ ယခုအခါ ယင်းရုပ်ပွားတော်တွေ့ရှိရာဘုန်းကြီးကျောင်း၌ပင် ကိုးကွယ်ပူဇော်ထားကြောင်းသိရသည်။

ပညာရှင်တစ်ဦး၏ခန့်မှန်းချက်အရ အဆိုပါရုပ်ပွားတော်သည် နှစ်တစ်ရာအထက်သက်တမ်းရှိပြီဖြစ်ကြောင်းသိရသော်လည်း အဘယ်ကြောင့်သရက်ပင် ပင်စည်ထဲရောက်နေရသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

Source : The Thaiger
Photo credit to Khasod English


LEAVE A REPLY

Please enter your comment!
Please enter your name here