စွန့်ပစ်ခံရပြီးနောက် ‌ေ-သဆုံးခဲ့ရသည့် ကလေ-းငယ်လေး၏ နာရေးကို သရုပ်ဆောင်ခိုင်နှင်းဝေ ကိုယ်တိုင် ပြုလုပ်ပေး

0
279

ချက်ကြိုးတန်းလန်းနှင့် စွန့်ပစ်ခံခဲ့ရပြီးနောက် ခိုင်နှင်းဝေ ပရဟိဖောင်ဒေးရှင်းမှ ခေါ်ယူစောင့်ရှောက်ကာ ဆေးကုသမှုပေးနေစဉ် ‌ေ-သဆုံးခဲ့ရသည့် မွေးကင်းစ သမီးငယ်လေး၏ နာရေးကို ယနေ့ အောက်တိုဘာ (၂၇)ရက်က ပြုလုပ်ပေးခဲ့ကြောင်း ပရဟိတမင်းသမီး သရုပ်ဆောင် ခိုင်နှင်းဝေထံမှ သိရသည်။

“ကျွန်မ လက်နဲ့ သင်္ဂြိုလ်ပေးရမယ့် ရေစက်ကံလေးပါလာတဲ့ သမီးလေး နောက် ဘဝဆက်တိုင်း မိဘ (၂) ပါး စုံလင်စွာ မွေးဖွားပါစေ။ကောင်းရာ မွန်ရာရောက်ပါစေနော်”ဟု ပရဟိတမင်းသမီးခိုင်နှင်းဝေက လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အသိပေးပြောဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း မီးရထား လမ်းဘေးတွင် အောက်တိုဘာ (၂၃) ရက် ည (၉) နာရီကျော်အချိန်ခန့်က ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစကလေ-းငယ်အား စွန့်ပစ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စွန့်ပစ်ခံခဲ့ရသည့် မွေးကင်းစ ကလေ-းငယ်ကို ခိုင်နှင်းဝေ ဖောင်ဒေးရှင်းက သွားရောက်ခေါ်ယူကာ ကူညီကယ်တင်ထားခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုပေးနေစဉ် ကလေ-းငယ်မှာ (၄)ရက်အကြာ အောက်တိုဘာ (၂၆) ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here