မကွေးမြို့နယ် မြေပြာကန်ကျေးရွာလမ်းခွဲတွင် Hiace ကားနှင့် ဆိုင်ကယ်တိုက် (၂) ဦးဒဏ်ရာရ

0
238

မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ မကွေး-ရေနံချောင်းသွားကားလမ်း၏ မြေပြကန် ကျေးရွာလမ်းခွဲတွင် ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက် (၇) နာရီခန့်က ခရီးသည်တင် Hiace ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့ကြောင်း M-RESCUE MAGWAY မြေပြင်လူမှုကူညီရေးအသင်းမှ သိရသည်။

“မကွေး-ရေနံချောင်း သွားကားလမ်းပေါ် ဒေါင်းနေတံတားနားက လမ်းခွဲမှာတိုက်မိတာပါ။ ဆိုင်ကယ်မောင်းလာတဲ့အမျိုးသားနဲ့ နောက်ကထိုင်လိုက်လာတဲ့ အမျိုးသမီးဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတွင် ညာဂျိုစောင်း ပေါက်ပြဲ၊ မျက်နှာပွန်းပဲ့၊ ညာခြေထောက်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး နောက်မှ လိုက်ပါလာသည့် အမျိုးသမီးမှာ ညာဘက်နားနောက် ပေါက်ပြဲ၊ ခါးရိုးထိ၊ တင်ပဆုံရိုးနာ၊ မျက်နှာပွန်းပဲ့၊ ခြေထောက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ (၂) ဦးအား M-RESCUE MAGWAY မြေပြင်လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here