UWSA/ UWSP “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးရှောင်မင်းလျှံ ကွယ်လွန်

0
416

“၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “၀” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSP/ UWSA)၊ “၀”ပြည်နယ်ပြည်သူ့အစိုးရ ဒုဥက္ကဋ္ဌ ရှောင်မင်းလျှံ သည် ယနေ့ အောက်တိုဘာ (၂၇) ရက် နေ့လယ်ပိုင်းတွင် ကွန်လွန်သွားကြောင်း သိရသည်။

ဦးရှောင်မင်းလျှံသည် ” ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ခမ်း (ပန်ဆန်း) မြို့ရှိ ၎င်းနေအိမ်တွင် ယနေ့ အောက်တိုဘာလ (၂၇) နေ့လယ် (၁၁) နာရီ ဝန်းကျင်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ပန်ဆန်းအခြေစိုက် “၀”ချန်နယ် က သတင်းဖော်ပြထားသည်။

ဒုတိယ ဥက္ကဋ္ဌ ရှောင်မင်းလျှံသည် ကွယ်လွန်ချိန်တွင် အသက် (၈၀) ကျော်ပြီဖြစ်ပြီး ၎င်းသည် UWSP/ UWSA တည်ထောင်စဉ်ကပင် “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here