တရုတ်-မြန်မာစီးပွားရေး စင်္ကြံသည်မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည်ဟုဆို

0
255

နိုင်ငံပေါင်း ၁၅၀ ကျော် ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်သည် BRI အတွက် ပူးပေါင်းဆောင်ရွက်ဖို့လက်မှတ်ရေးထိုးထား

တရုတ်ပြည်သူ့သမ္မတရှီကျင့်ဖျင်အဆိုပြုခဲ့​သော Belt and Road စီမံကိန်း (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ နိုင်ငံတကာပါဝင်​သောတတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ၂၀၂၃ခုနှစ်၊အောက်တိုဘာလ (၁၇-၁၈) ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

သမ္မတရှီက စစ်​အေးတိုက်ပွဲစိတ်ဓါတ်နဲ့အုပ်စုဖွဲ့ထိပ်တိုက်​တွေ့ခြင်းဖြစ်​ပေါ်​နေတဲ့ယ​နေ့ကမ္ဘာမှာ ယခုဖိုရမ်က စည်းလုံးစွာပူး​ပေါင်းပြီးအကျိုးတူဖြစ်ထွန်း​ရေးကို ညွှန်းဆို​နေ​ကြောင်း ​ပြောကြားခဲ့သည်။

“Belt and Road”ကို အတူတကွအရည်အသွေးမြင့်စွာတည်ဆောက်ရန်အတွက် သမ္မတရှီက အချက်(၈) ချက်ကို ​ထောက်ခံ​ကြောင်း​ပြောဆိုခဲ့သည်။

ထိုလုပ်​ဆောင်မူအချက် ၈ ချက်မှာမှာ
-“Belt and Road”ရုပ်လုံးကြွအပြန်အလှန်ချိတ်ဆက်မှုကွန်ရက် တည်ဆောက်ခြင်း၊
-တံခါးဖွင့်လှစ်မှုပုံစံ ကမ္ဘာ့စီးပွားရေးတည်ဆောက်မှုကိုထောက်ခံအားပေးခြင်း၊
-လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ခြင်း၊
-စိမ်းလန်းစိုပြည်စွာဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊
-သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်း၊
-အရပ်ဘက်ကူးလူးဆက်ဆံမှုကိုထောက်ခံအားပေးခြင်း၊
-သမာဓိရှိတဲ့လမ်းကြောင်းတည်ဆောက်ခြင်း၊
-“Belt and Road”နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုယန္တရားကိုပြီးပြည့်စုံစေခြင်းတို့ဖြစ်သည်။

တရုတ် -မြန်မာ Belt and Road ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို​ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ Wyndham Grand Hotel၌ ကျင်းပခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သံအမတ်ကြီး H.E. Mr. Chen Hai က “မြန်မာနိုင်ငံသည် BRI လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမှာ တက်တက်ကြွကြွ ပါဝင်သူနှင့် အကျိုးခံစားရသူလည်း ဖြစ်ပါတယ်။ တရုတ်-မြန်မာစီးပွားရေး စင်္ကြံဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးပြီး မြန်မာပြည်သူတစ်ရပ်လုံးကို အကျိုးပြုနေပါတယ်”ဟုပြောကြားခဲ့သည်။နိုင်ငံပေါင်း ၁၅၀ ကျော် ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်တို့သည် Belt and Road အတူတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။

Belt and Road စီမံကိန်းတွင် မီးရထားလမ်းသစ်စီမံကိန်းများ၊ အထူးစီးပွားရေးဇုန် ပူးပေါင်းဆောင်ရွက်မှုများပါဝင်ကြောင်းသက်ဆိုင်ရာ ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များကရှင်းလင်းတင်ပြခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက BRI လုပ်ငန်းဆောင်ရွက်မှုများနှင့် ရေရှည် တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် အသင်းချုပ်နှင့် တရုတ်နိုင်ငံ၏ မိတ်ဖက်အဖွဲ့အစည်းများ လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း  ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် BRI စီမံကိန်းတစ်ခုဖြစ်သည့် China- Myanmar Economic Corridor သည် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်အထိ ဆက်သွယ်ထားပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်၍ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများနှင့် အလုပ်အကိုင်သစ်များ ရရှိရန် ဖန်တီးပေးလျက်ရှိကြောင်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here