သမိုင်းထဲက အောက်တိုဘာ ၂၈

0
185

၁၂၁၆ – တတိယမြောက် ဟင်နရီဘုရင်ဟာ အသက် ၉ နှစ်အရွယ်မှာ ဗြိတိန်ဘုရင်အဖြစ် နန်းတက်ခဲ့တယ်။

၁၇၂၆ – စာရေးဆရာကြီး ဂျွန်နသန်ဆွစ်ဖ်ရဲ့ “ဂါလီဗာ၏ ခရီးစဉ်”စာအုပ်ကို ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တယ်။

၁၈၃၁ – မိုက်ကယ် ဖာရာဒေးဟာ လျှပ်စစ်ဒိုင်နမိုကို ပထမဆုံး တီထွင်ပြီး စမ်းသပ်လည်ပတ်ပြခဲ့တယ်။

၁၈၄၈ – စပိန်နိုင်ငံမှာ ပထမဆုံး ရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့တယ်။

၁၉၀၄ – အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့ ရဲဌာနက ရဲတွေဟာ လက်ဗွေကနေ ခြေရာခံစုံစမ်းထောက်လှမ်းတဲ့ နည်းသစ်ကို စတင်စမ်းသပ်ခဲ့တယ်။

၁၉၄၈ – အစ္စရေးနိုင်ငံ အလံ စတင်ပေါ်ပေါက်လာခဲ့တယ်။

၁၉၅၄ – စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး စာပေနိုဘယ်ဆု ရရှိခဲ့တယ်။

၁၉၆၂ – ကျူးဘား ဒုံးပျံအရေးအခင်း အဆုံးသတ်ခဲ့တယ်။

၂၀၂၁ – facebook ရဲ့ ကော်ပိုရိတ်အမည်ကို Meta လို့ပြောင်းမယ်လို့ မာ့ခ်ဇူကာဘတ်က ကြေညာခဲ့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here