အမေရိကန်-တရုတ် ဆက်ဆံရေး ကောင်းမွန်ရေးအတွက် ဆွေးနွေးနေ

0
195

တရုတ်နှင့် အမေရိကန်တို့သည် သဘောထားကွဲလွဲမှုများရှိနေသော်လည်း အရေးပါသောဘုံ အကျိုးစီးပွားများ ရှိသောကြောင့် နားလည်မှုလွဲမှားခြင်းကို လျှော့ချရန်နှင့် ဆက်ဆံရေးတည်ငြိမ်စေရန်အတွက် နက်ရှိုင်းကျယ်ပြန့်စွာဆွေးနွေးဖို့လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ၎င်း၏အမေရိကန်ခရီးစဉ်အစ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ၏ ဖိတ်ကြားချက်အရ ဝါရှင်တန်သို့ သုံးရက်ကြာ အလည်အပတ်ခရီး(အောက်တိုဘာ ၂၆-၂၈) သွားရောက်နေသည်။

“တရုတ်နဲ့ အမေရိကန်တို့ဟာ အဓိကနိုင်ငံနှစ်နိုင်ငံပါ။ ကျွန်တော်တို့မှာ သဘောထားကွဲလွဲမှုတွေ ရှိပါတယ်၊ တစ်ချိန်တည်းမှာပဲ အရေးကြီးတဲ့ ဘုံအကျိုးစီးပွားတွေကို မျှဝေပြီး အတူတကွ တုံ့ပြန်ဖို့လိုအပ်တဲ့ စိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ရမှာပါ” ဟု ဝမ်က ဆွေးနွေးပွဲမတိုင်မီ ပြောကြားခဲ့ကြောင်းအမေရိကန် နိုင်ငံခြားရေးဌာနကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဝမ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘလင်ကန်ကလည်း ဝမ်ပြောတာကို သဘောတူကြောင်းနှင့် အပြုသဘောဆောင်သည့် စကားဝိုင်းများကို စောင့်မျှော်နေတယ်ဟု နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဘလင်ကန် ၏ တရုတ်နိုင်ငံသို့ ဇွန်လခရီးစဉ်အပြီးတွင် ဝမ်ကယခုကဲ့သို့အပြန်အလှန်လည်ပတ်ခြင်းဖြစ်သည်။

ဝမ်သည် သောကြာနေ့တွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ John Kirby က ကြာသပတေးနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝမ် နှင့် အမေရိကန်အကြား ဆွေးနွေးမှုများတွင် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခပါဝင်သည်ဟု Kirby မှ ပြောကြားခဲ့သည်။

Source:ChinaDaily


LEAVE A REPLY

Please enter your comment!
Please enter your name here