ကြည့်မြင်တိုင်၊ ကမ်းနားလမ်း စားအုန်းဆီကန်ရှေ့၌ ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး ဒဏ်ရာရ

0
246

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း စားအုန်းဆီကန်ရှေ့၌ အောက်တိုဘာ (၂၇)ရက် ညနေ (၄)နာရီခန့်အချိန်က ယာဉ် (၃)စီး ဆင့်တိုက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ (၂၇) ရက် နံနက် (၇) နာရီခွဲခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ စာတိုက်မှတ်တိုင်အနီးတွင် YBS ယာဉ်(၂) စီးနှင့် ကွန်တိန်နာ (၁) စီးတို့ တိုက်မိခဲ့သေးကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁) ဦးမှာ စိုးရိမ်ရသည့်အတွက် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here