ပါတီ​ခေါင်း​ဆောင်ဖြစ်လာ​သောသက်ဆင်၏သမီး ​နောင်တွင်ဝန်ကြီးချုပ်ဖြစ်လာနိုင်​ကြောင်း လက်ရှိဝန်ကြီးချုပ်နိမိတ်ဖတ်

0
284

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူအားဖြူထိုင်းပါတီ၏ခေါင်းဆောင်အဖြစ် သောကြာနေ့က ရွေးချယ်လိုက်ရာ ထိုင်းနိုင်ငံရေးလောကတွင်သက်ဆင်မိသားစုက ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဆက်လက်လွှမ်းမိုးမှုကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ပက်တွန်တန် ရှင်နာဝပ်ထရာသည် ဖြူထိုင်းပါတီ၏ ဘန်ကောက်ဌာနချုပ်၌ အမှုဆောင်များနှင့်ပါတီဝင်များ အစည်းအဝေးတွင် ​ခေါင်း​ဆောင်ရာထူးအတွက် မဲပေးရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဖြူထိုင်းပါတီခေါင်းဆောင်သစ် အား​ အနာဂတ်တွင် ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်ဟု လက်ရှိ၀န်ကြီးချုပ် ဆရီသာ က သောကြာနေ့တွင် ပြောကြားခဲ့သည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here