မလေးရှား၏ ၁၇ ဆက်မြောက်ဘုရင်ဖြစ်လာမည့် ဆူလတန် အီဘရာဟင် အီစကန်ဒါသည် မလေးတောင်ပိုင်းဂျိုဟိုပြည်နယ်မှ ဖြစ်သည်။
သောကြာနေ့တွင် ကျင်းပခဲ့သောအုပ်ချုပ်သူများ ညီလာခံ၌ နိုင်ငံတော်၏ဆူလတန်စော်ဘွား ကိုးပါးက ဆူလတန် အီဘရာဟင် အား ဘုရင်အဖြစ်ရွေးချယ်ခဲ့ပြီး လာမည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် နန်းတက်ရမည်ဖြစ်သည်။
အသက် ၆၄ နှစ်အရွယ်ဘုရင်သစ် တွင်သားသမီးခြောက်ယောက်ရှိသည်။ သူသည် ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ကို မောင်းနှင်တတ်သူဖြစ်သည်။
အမြန်ကားများ၊ မော်တော် ဆိုင်ကယ်များနှင့် စီးပွားရေးလုပ်ငန်းများကို စိတ်ဝင်စားသူ ဖြစ်ကြောင်းတော်ဝင်မိသားစု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အီဘရာဟင် ၏ဖခင်သည် ၁၉၈၄ နှင့် ၁၉၈၉ ခုနှစ်အကြားတွင်မလေးရှားနိုင်ငံ၏အဋ္ဌမမြောက်ဘုရင်ဖြစ်ခဲ့သည်။
၁၆ ရာစုအစောပိုင်းမှစတင်ခဲ့သော ဂျိုဟို တော်ဝင်မိသားစုတွင်ကိုယ်ပိုင်စစ်တပ်ရှိသည်။
ဆူလတန်များသည် ၎င်းတို့၏ပြည်နယ်များတွင် အစ္စလာမ်ဘာသာကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးသူများဖြစ်ကြသည်။ ၎င်းတို့သည် တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်လည်း ဆောင်ရွက်ကြပြီး ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။
ရာစုနှစ်များစွာကပင်အစ္စလာမ် မင်းမျိုးမင်းနွယ်များ ဦးဆောင်သော မလေးရှားနိုင်ငံ၏ကိုးပြည်နယ်မှ စော်ဘွားများက ငါးနှစ်တစ်ကြိမ် အလှည့်ကျ ထီးနန်းဆက်ခံသည့် စည်းမျဥ်းခံဘုရင်စနစ်ဖြစ်သည်။
Source-အယ်လ်ဂျာဇီးယား