လွိုင်ကော်မြို့တွင် မိနစ်ပိုင်းသာခြား၍ ကားနှင့်ဆိုင်ကယ်တိုက်မှု (၂) ကြိမ်ဖြစ်ပွားကွာ (၃) ဦးဒဏ်ရာရ

0
219

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့အောက်တိုဘာ (၂၈)ရက် တစ်ရက်တည်းတွင် မိနစ်ပိုင်းသာခြားပြီး ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့မှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက် (၁၁) နာရီခန့်က လွိုင်ကော် တက္ကသိုလ်အရှေ့လမ်းမပေါ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မိကာ ဆိုင်ကယ်ပေါ်မှ အသက်(၆၅)နှစ်အရွယ်ရှိ အမျိုးသမီးကြီးနှင့် အသက် (၂၅) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မိနစ်ပိုင်းသာခြား၍ ဒေါဥခူရပ်ကွက်ရှိ နှစ်ခြင်းကျောင်းလမ်းဒေါင့်တွင် ဆိုင်ကယ်နှင့်ကား ထပ်မံတိုက်မိခဲ့ရာ အသက်(၂၃)နှစ်အရွယ်ရှိ ဆိုင်ကယ်မောင်းလာသူတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှ ထိခိုက်ဒဏ်ရာ ရရှိသူ (၃) ဦးအား ရွှေလွိုင်ကော်ပရဟိတအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here