MOU သက်တမ်းပြည့်၍ ပြည်တွင်းသို့ ပြန်ဝင်ရောက်မည့် လုပ်သားများအနေဖြင့် သက်ဆိုင်ရာ နယ်စပ်ဂိတ်များတွင်တုံးထုရန် သတိပေး

0
137

ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် သတ်မှတ်ကာလပြည့်၍ ပြည်တွင်းသို့ ပြန်ဝင်ရောက်မည်ဆိုပါက သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင်း တုံးထုရန် ထိုင်းနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးက သတိပေးထားသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ် စခန်းများမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဖြတ်သန်းချိန်တွင် နိုင်ငံကူးလက်မှတ်၌ အထွက်/အဝင် တံဆိပ်တုံးများကို နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့များမှ ရိုက်နှိပ်ခြင်း၊ စာရင်းပယ်ဖျက်ခြင်း ပြုလုပ်ကြရမည်ဖြစ်သည်။

သို့သော် အချို့သော မြန်မာလုပ်သားများသည် နယ်စပ်ဂိတ်/ စခန်းများမှတဆင့် ပြန်လည်ဝင်ရောက်ခြင်းမပြုသဖြင့် ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူ (Over-Stay) စာရင်းဝင်နေကြကြောင်း သိရသည်။

ယင်းမြန်မာလုပ်သားများအနေဖြင့် နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပြန်လည်ဝင်ရောက်လာရာတွင် ထိုင်းနိုင်ငံအဝင်၊ နယ်စပ်ဂိတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးချိန်၌ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူဖြစ်နေကြောင်း တွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရခြင်း၊ အရေးယူခြင်း၊ ဝင်ခွင့်ကန့်သတ်ခြင်း စသည်တို့ကို တွေ့ကြုံနေကြရကြောင်း သိရသည်။

ယင်းကြောင့် MOU လုပ်သားများအနေဖြင့် သက်တမ်းပြည့်ပါက သတ်မှတ်နယ်စပ်ဂိတ်/ စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရန်နှင့် နိုင်ငံကူးလက်မှတ်တွင် ထိုင်းနိုင် ငံ၏ အထွက်တံဆိပ်တုံး ရိုက်နှိပ်ခြင်းကို ဆောင်ရွက်သွားကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here