နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၅၀) စင်းဆိုက်ကပ်ကုန်သွယ်မည်

0
274

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘောအစင်း (၅၀) ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ရန် လျာထားဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

ထို့ပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လတ်တလောတွင် လာမည့် နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၅၀) စီး ဝင်ရောက်ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်နေပြီး ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အခြေအနေများ ရှိလာပါကလည်း ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ ထပ်မံသိရှိနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလတွင်လည်း ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၄၉) စီး ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here