နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံရှိ မြစ်ကြီးအားလုံး၏မြစ်ရေများ လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်

0
153

နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်ကြီးအားလုံး၏မြစ်ရေများ လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်သည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၂၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့ ၊ရွှေကူမြို့၊ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့နှင့်မြင်းမူမြို့တို့တွင် (၃)ပေမှ(၆) ပေခန့်၊ ပခုက္ကူမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် (၇)ပေမှ (၁၂)ပေခန့်အထိ လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း
သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့်မုံရွာမြို့တို့တွင် (၃)ပေမှ (၆)ပေခန့်အထိ လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်သည်။

ထို့အတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၆)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် (၁)ပေခွဲခန့်၊ ရွှေစာရံနှင့်မြစ်ငယ်မြို့တို့တွင် (၄)ပေမှ(၇)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့တို့တွင် (၄)ပေမှ(၅)ပေခန့်၊ ရွှေ ကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၂)ပေခန့်အထိ လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်သည်။

ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့်ပဲခူးမြို့တို့တွင် (၃)ပေမှ(၄)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါး သိုင်းချောင်းမြို့တွင် (၁ဝ)ပေခန့်၊ သာပေါင်းမြို့နှင့်ပုသိမ်မြို့တို့တွင် (၁)ပေမှ (၃)ပေခန့်အထိ လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ကြောင်းလည်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် တိုးမြစ်ရေသည် မအူပင်မြို့တွင် (၃)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့်ကျောက်တော်မြို့တို့တွင် (၁)ပေခွဲမှ(၂)ပေခွဲခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင်(၁)ပေခန့်နှင့်ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂)ပေခန့်အထိ လက်ရှိရေမှတ်များအောက်ကျဆင်းနိုင်ကြောင်း မိုးဇလမှအသိပေးထုတ်ပြန်ခဲ့သည်။

Photo-Flicker


LEAVE A REPLY

Please enter your comment!
Please enter your name here