ပေကျင်းတွင်ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မူဖိုရမ်သို့ မြန်မာတက်ရောက်မည်

0
213

ဒဿမ ကြိမ်မြောက် ပေကျင်း ရှန်ဆန်း ဖိုရမ်ကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပေကျင်းအပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်စင်တာ၌ ကျင်းပမည်ဖြစ်သည်။

ယခုနှစ်ဖိုရမ်တွင် တက်ရောက်သူ အရေအတွက်ရော တက်ရောက်သူများ၏ အဆင့်အတန်းပါ စံချိန်တင် မြင့်လာခဲ့ကြောင်း ဖိုရမ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းကော်မတီကထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေရော  နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်း တွေကပါ  ပါဝင် တက်ရောက် မှုက သိသိသာသာ တိုးလာသည်ဟုဆိုသည်။

နိုင်ငံပေါင်း ၉၀ ကျော် မှ အစိုးရ ကိုယ်စားလှယ်အဖွဲ့ များ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ ၊ နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်မှ ပညာရှင်၂၀၀ ကျော်လည်း တက်ရောက်ကြမည်ဟုသိရသည်။

အတူမျှဝေ ခံစားကြမည့်အနာဂတ်ကာလအတွက် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်း ထူထောင်ရေးကို အကောင်အထည် ဖေါ်ရာ၌
ဖိုရမ်သည် နိုင်ငံအားလုံးအနေဖြင့်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ၊ အမြင်များကို ဖော်ထုတ်ခြင်းနှင့် မတူကွဲပြားမှုများကို ဖြေရှင်းရန် အခွင့်အလမ်းကို ပေးလိမ့်မည်ဖြစ်သည်။

ဖိုရမ်အတွင်း မျက်နှာစုံညီအစည်းအဝေး လေးကြိမ်နှင့် အုပ်စုအစည်းအဝေး ရှစ်ကြိမ် နှင့် နှီးနောဖလှယ်ပွဲ နှစ်ခုတို့ ကို ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါဖိုရမ်တက်ရောက်ရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၈ နေ့လယ်ပိုင်းတွင်ရန်ကုန်လေဆိပ်မှထွက်ခွာသွားကြပြီဖြစ်သည်။

အာဆီယံအတွင်းရေးမူးချုပ် ဒေါက်တာ ကောင်း ကလည်းကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မူမြင့်တင်ရေးနှင့်ပတ်သက်ပြီးပြောကြားဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

Source:eng.mod.gov.cn


LEAVE A REPLY

Please enter your comment!
Please enter your name here