တာချီလိတ်မြို့တွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦး အအေးမိပြီး‌ေ-သဆုံးနေ

0
215

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊သားငယ်၀ပ်ရှော့လမ်းတွင် အောက်တိုဘာ ၂၈ ရက်ည ၆ နာရီခန့်က အိမ်ခြေမဲ့အမျိုးသားတစ်ဦး အအေးမိကာ ‌ေ-သဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

“အသက်(၄၀)ဝန်းကျင်လောက်ရှိပါပြီ မြေကွက်လပ်တစ်ခုထဲမှာ အအေးမိပြီး‌ေ-သဆုံးနေတာ အိမ်ခြေမဲ့တစ်ယောက်ပါ တာဝန်ရှိတဲ့လူတွေလာပြီးစစ်ဆေးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

‌ေ-သဆုံးနေသော အိမ်ခြေမဲ့အမျိုးသား၏ ရုပ်အလေ-ာင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှသယ်ယူ၍ မြို့မကျောက်တောင်သုသာန်တွင် မီးသင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here