တောင်ဥက္ကလာ ပြည်သာယာမီးပွိုင့်အနီးတွင် အိမ်စီးကားနှင့် Taxi တိုက် အိမ်စီးကားပက်လက်လန်တိမ်းမှောက်ခဲ့

0
166

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ဝေဇယန္တာလမ်းမပေါ်ရှိ ပြည်သာယာမီးပွိုင့်အနီးတွင် အောက်တိုဘာ ၂၈ ရက်ည ၁၁ နာရီခန့်က အိမ်စီးကားနှင့် Taxi တိုက်မိကာ အိမ်စီးကားပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးပရဟိတအသင်းမှ သိရသည်။

“အမျိုးသမီးတစ်ယောက်ပဲ အနည်းငယ်ထိခိုက်ဒဏ်ရာရတာပါ မစိုးရိမ်ရပါဘူး ကားနှစ်စီးလုံးကတော့ ပျက်စီးတာတွေရှိခဲ့တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား Medical လူငယ်များလူမှုကူညီရေးပရဟိတအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးခြင်းနှင့်လမ်းရှင်းလင်းရေးလုပ်ငန်းများကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Medical လူငယ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here