မင်္ဂလာဒုံမြို့နယ်၌ Taxi နှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ်မောင်းသူ ပေါင်ကျိုးသွားခဲ့

0
103

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၈ ရက်ည ၇ နာရီခွဲခန့်က Taxi နှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“Taxi ဘေးဖက်ခြမ်းကို ဆိုင်ကယ်ကဝင်တိုက်တာ အရှိန်အတော်ပြင်းတယ် Taxi ဘေးဖက်ခြမ်းကအတော်ကြီးကိုပျက်စီးသွားတယ် ဆိုင်ကယ်မောင်းလာတဲ့လူရဲ့ ညာဘက်ပေါင်ကျိုးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပေါင်ကျိုးသွားခဲ့သည့် ဆိုင်ကယ်မောင်းသူအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပုလဲအရန်မီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here