မန္တလေးရှိ ဦးပိန်တံတား ကျိုးကျမှု ဖြစ်ပွား

0
1891

မန္တလေးတိုင်း ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ရှေ့ဘက်ခြမ်းတွင် တံတားကန့် (၂) ကန့် ကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၂၉) ရက် သီတင်းကျွတ်လပြည့်နေ့တွင် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများပြားလျက်ရှိပြီး နေ့လယ်ပိုင်းတွင် ကျိုးကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ အနီးပတ်ဝန်းကျင် မီးသတ်စခန်းများမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ သိရသည်။

ဓာတ်ပုံ အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here