ပြည်တွင်းလေကြောင်းခရီးစဉ် ခရီးသည်များ ထွက်ခွာ/ဆိုက်ရောက် ပုံစံ ဖြည့်စွက်ရမည်

0
378

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် ဆိုက်ရောက် နှင့် ထွက်ခွာ ပုံစံများ မဖြစ်မနေ ဖြည့်စွက်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသိပေးထုတ်ပြန်ထားသည်။

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ညွှန်ကြားချက်အရ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှစတင်၍ ရန်ကုန်မြို နှင့် မန္တလေးမြို့ ( မှ/သို့ ) အကြား ပျံသန်းစီးနင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် Arrival နှင့် Departure Card များအား ဖြည့်စွက်ရန် လိုအပ်မည် ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ စည်းမျဉ်းသတ်မှတ်ချက်မှာ ရန်ကုန် မှ မန္တလေး သို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card (ထွက်ခွာ ပုံစံ) နှင့်မန္တလေး မှ ရန်ကုန် သို့ ဆိုက်ရောက်ခရီးသည်များအနေဖြင့် Arrival Card (ဆိုက်ရောက် ပုံစံ) များအား ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။

ယင်းအပြင် ချောမွေ့သော ပြည်တွင်းလေကြောင်းခရီးစဉ် သွားလာရေးအတွက် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံအား ယူဆောင်လာရန်လည်း အကြံပြုထားသည်။

ပြည်တွင်းလေကြောင်းခရီးသွားလာမှု စည်းမျဉ်းသတ်မှတ်ချက်စနစ်အသစ်အပေါ် ခရီးသည်များ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့်အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာလေကြောင်းလိုင်းအသီးသီးသို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here