ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များက ယူကရိန်း ဒရုန်း ၃၆ စင်းကို ဖျက်ဆီးခဲ့ဟုဆို

0
226

ယူကရိန်းသည် ရုရှားပိုင်နက်ရှိ ပစ်မှတ်များကို မောင်းသူမဲ့လေယာဉ် ၃၆ စင်းဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့ကို ပင်လယ်နက်နှင့် ခရိုင်းမီးယား၏ အနောက်မြောက်ပိုင်းတွင် တပ်ဆင်ထားသည့် ရုရှာဒလေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထောက်များအား ပြောကြားခဲ့သည်။

“အောက်တိုဘာ ၂၉ ရက်ညတွင် ရုရှားဖက်ဒရေးရှင်းပိုင်နက်ရှိ အဆောက်အအုံများကို မောင်းသူမဲ့ လေယာဉ် UAV များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအစိုးရမှ ကြိုးပမ်းမှုကို တားဆီးခဲ့သည်။ တာဝန်ကျလေကြောင်းကာကွယ်ရေးစနစ်များသည် ပင်လယ်နက်နှင့် ခရိုင်းမီးယားကျွန်းဆွယ်၏ အနောက်မြောက်ဘက်ခြမ်းတွင် ယူကရိန်း မောင်းသူမဲ့လေယာဉ် ၃၆ စင်းကို ဖျက်ဆီးခဲ့သည်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here