မိုးညှင်းမြို့နယ်၌ VOXY ကားပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ငွေကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

0
163

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်မီးလောင်ကျေးရွာအနီးတွင် အောက်တိုဘာ ၂၈ ရက်ညနေပိုင်းက VOXY ကားပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ငွေကျပ် ၁၅၉၀ ဒသမ ၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ်၊နန့်မီးလောင်ကျေးရွာအနီးတွင် စိုးသူ(၃၂)နှစ်နှင့်နောင်နောင် (၂၀)နှစ်တို့နှင့်အတူတွေ့ရသည့် VOXY တွေ့ရသည့် ကားအားရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်ရှိ ဆာလာအိတ်များအတွင်း ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ငွေကျပ် ၁၅၉၀ ဒသမ ၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ (၅ ဒသမ ၆၄၃ ကီလို)နှင့်စိတ်ကြွဆေးပြား ၉၀၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၂ ဦးအား လုံးတုံနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here