ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မူဖိုရမ်တွင်ဆွေးနွေးကြသည့်ခေါင်းစဥ်များ

0
159

မြန်မာ့နယ်စပ်အရေးဆွေးနွေးကြသူများ

ဒဿမ ကြိမ်မြောက် ပေကျင်း ရှန်ဆန်း ဖိုရမ် ထိပ်သီးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပေကျင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရပ်ဝန်းနှင့်လမ်းမစီမံကိန်း၊ SCO နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ ပဋိပက္ခများ ဖျန်ဖြေရေး၊ ကမ္ဘာ့တောင်ခြမ်းကိစ္စ၊ အင်အားကြီး နိုင်ငံများ ဆက်ဆံရေး၊ အာရှ-ပစိဖိတ် လုံခြုံရေး နှင့် ခေတ်မီရေး ဆီသို့ တရုတ်၏ သွားရာလမ်းကြောင်းစသည် တို့ကို မျှဝေကြမည်ဖြစ်သည်။

ထိုပွဲသို့ အမေရိကန်၊အာဆီယံအထွေထွေအတွင်းရေးမှုးချုပ်နှင့်အဖွဲ့၊အာဆီယံနိုင်ငံများမှကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်နေကြသည်။

ထိုပွဲသို့တက်ရောက်နေသောမြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ကျန်းယို့ရှာ နှင့် တွေ့ဆုံ၍နယ်စပ်ဒေသ တည်ငြိမ်အောင် ထိန်းသိမ်းကာကွယ်ရေးကို ဆွေးနွေးနေကြောင်း အမည်မဖော်လိုသည့်သတင်းရင်းမြစ်ထံမှသိရသည်။

Ref: eng.mod.gov.cn


LEAVE A REPLY

Please enter your comment!
Please enter your name here