(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ၏ ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲအား နစက ဥက္ကဋ္ဌကြည့်ရှုအားပေး

0
131

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာနနှင့်သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊လေ့ကျင့်ရေးဇာတ်ရုံတို့၌ ကျင်းပလျက်ရှိသည်။

အောက်တိုဘာ ၂၉ ရက်(ယ နေ့)တွင်ကျင်းပသည့် ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲများအား နစက ဥက္ကဋ္ဌကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌမှ တိုင်းရင်းသားရိုးရာကျေးလက်ရိုးရာအကပြိုင်ပွဲ၊ ဝါသနာရှင်(ပထမတန်း)အမျိုးသား ဒုံးမင်းအတီးပြိုင်ပွဲ၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဆိုပြိုင်ပွဲတွင် အဆင့်မြင့်ပညာရှင် (အမျိုးသား)ပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်း ဝါသနာရှင် ဒုတိယတန်း(အမျိုးသား)ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here