ပဲခူးမြို့တွင် ပဝါရဏာပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

0
130

ပဲခူးတိုင်း၊ပဲခူးမြို့၊ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊မဟာကလျာဏီသိမ်တော်နှင့်ကမ္မဌာန်းကျောင်းတိုက်သိမ်တော်တို့တွင် သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာ ၂၉ ရက်)မွန်းလွဲပိုင်းက သံဃဂိုဏ်းများအလိုက် ပဝါရဏာပြုတော်မူခဲ့ကြကြောင်း သိရသည်။

ပဝါရဏာပြုတော်မူခဲ့ကြသည့် ဆရာတော်၊သံဃာတော်များအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်နှင့်တာဝန်ရှိသူများတက်ရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ဆွမ်းဆန်တော်များနှင့်ဆီဆွမ်းများအား လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ယမန်နေ့တွင် ပဲခူးမြို့မှ သုဓမ္မာဂိုဏ်းဝင်သံဃာတော်များ၊ရွှေကျင်ဂိုဏ်းဝင်သံဃာတော်များ၊မဟာဒွါရဂိုဏ်းဝင်သံဃာတော်များ စုစုပေါင်း ၃၆၉၄ ပါး ပဝါရဏာပြုတော်မူခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here